ဟုမ္မလင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူသောင်းချီဆန္ဒပြ
DVB
·
February 8, 2021
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးရေးအတွက် ဒုတိယနေ့ အဖြစ် ဆန္ဒပြနေရာမှာ မြို့ခံပြည်သူလူထုတွေ၊ ကျောင်းဆရာ ဆရာမတွေအပြင် တခြား ဌာဆိုင်ရာ ဝန်ထမ်းတချို့လည်း ပါလာခဲ့တယ်လို့ ဟုမ္မလင်းဒသခံတစ်ဦးက ပြောပါတယ်။
သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ချက်ချင်းလွှတ်ပေးဖို့နဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြသူတွေက ကြွေးကြော်တောင်းဆိုခဲ့ကြပါတယ်။