စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အနေနဲ့ လူအင်အားသောင်းချီပါဝင်တဲ့ အင်းစိန်သပိတ်လမ်းကြောင်းဟာ ဖေဖော်ဝါရီ ၈ ရက် နေ့မနက် ၉ နာရီမှာ စတင်ချီတက် လှည့်လည် ဆန္ဒပြနေကြပါတယ်။
သပိတ်လမ်းကြောင်းကို အင်းစိန်ပြည်တော်သာကနေစတင်ခဲ့ပြီး ဘိုကုန်း၊ ဟိုက်ပက်၊ အင်းစိန်ဈေး၊ အင်းစိန်ပန်းခြံ၊ ရွှေပြည်သာ၊ လှိုင်သာယာတို့က ပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ သပိတ်လမ်းကြောင်းဟာ အင်းစိန်ကနေ ရန်ကုန်မြို့လယ်ကို ဦးတည်နေတာပါ။
အင်းစိန် ပန်းခြံလမ်းဆုံမှာလည်း ဒီကနေ့မနက်ကတည်းက လူစုလူဝေးအများ အပြား ဖြစ်ပေါ်နေပါတယ်။ အင်းစိန်မြို့နယ်ဟာ လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်တွေက ပြည်သူတွေ ရန်ကုန်မြို့လယ်ကိုတက်ဖို့ အဓိက အဝင်အထွက်လမ်းကြောင်း ဖြစ်ပါတယ်။
လှိုင်သာယာ၊ ရွှေပြည်သာမြို့နယ်တွေက အခြေခံလုပ်သားအဖွဲ့တွေနဲ့ ပြည်သူတွေဟာ ဆက်တိုက်ဆိုသလို အင်းစိန်ကို ဖြတ်သန်းနေကြပါတယ်။
သပိတ်တွေရဲ့ အဓိကရည်ရွယ်ချက်တော့ စစ်အာဏာရှင်ဆန့်ကျင်ရေးဖြစ်ပြီး အရပ်သားအစိုးရကိုအာဏာအမြန် ပြန်လွှဲပေးဖို့ဖြစ်ပါတယ်။
ရိုက်ကူး - ဇေယျာချမ်းအေး၊ နေလင်းအောင်