စစ်အာဏာရှင်ဆန့်ကျင်ရေး ကွမ်းခြံကုန်းပြည်သူ သောင်းချီ ငြိမ်းချမ်းစွာ ဆန္ဒပြ
DVB
·
February 8, 2021
အာဏာသိမ်းစစ်အာဏာရှင်အား ဆန့်ကျင်ကြောင်း ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ် သောင်းချီရှိတဲ့ ပြည်သူတွေဟာ ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ပါဝင်လှုပ်ရှားတဲ့ ပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ အတိုင်ပင်ခံနဲံ သမ္မတကြီး ပြန်လွှတ်ပေးရေး၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အတည်ပြုရေးနဲ့ အရေးတော်ပုံအောင်ရမယ် စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။
မြို့ဦးထိပ်ကနေစတင်ကာ မြို့နယ်ရဲစခန်းရှေ့အထိ မြို့အနှံ့လှည့်လည်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။