စစ်အာဏာရှင်အလိုမရှိကြောင်း လွိုင်ကော်တွင် ဆိုင်ကယ်ဟွန်းတီး ဆန္ဒထုတ်ဖော်
DVB
·
February 7, 2021
စစ်အာဏာရှင်အလိုမရှိကြောင်း လွိုင်ကော်မြို့မှာ ဆိုင်ကယ်၊ ကားတွေနဲ့ ဟွန်းတီးပြီး မြို့တပတ်ပတ်ခဲ့ကြပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နေ့ ည ၈ နာရီကစပြီး ဆိုင်ကယ်စီရေ ၁၀၀ လောက်အပြင် ကားတွေနဲ့ မြို့ကိုပတ်က ဟွန်းတီးခဲ့ကြသလို၊ စစ်အာဏာရှင်အလိုမရှိ စတာတွေကို ကြွေးကြော်ခဲ့ကြပါတယ်။