စစ်အာဏာရှင်ဆန့်ကျင်ရေး မိုးကုတ်မြို့ဆန္ဒပြ ပြည်သူ ထောင်ချီ ပါဝင်
DVB
·
February 7, 2021
စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာ ဒီနေ့မနက်ပိုင်းက လူအင်အားထောင်နဲ့ချီ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတတို့ကို ပြန်လည်လွှတ်ပေးဖို့နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ၊
မိုးကုတ်မြို့က ရဟန်းရှင်လူ ပြည်သူများအနေနဲ့ နေ့ခင်း ၁ နာရီမှာ မြို့တပတ်ပတ်ဆန္ဒပြကြပြီး ညနေ သုံးနာရီလောက်မှာ လူခွဲခဲ့ကြပါတယ်။