Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှုကို ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ဆန့်ကျင်ကန့်ကွက်
DVB
·
February 3, 2021

တပ်မတော်က အရေးပေါ်အခြေအနေ ကြေညာကာ ရွေးကောက်ခံ အရပ်သားအစိုးရဆီကနေ နိုင်ငံတော်အာဏာ သိမ်းယူတာကို ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးက ဖေဖော်ဝါရီ ၂ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် အစိုးရတာဝန်ရှိသူတွေ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေအား ထိန်းသိမ်းထားတာကို များစွာစိုးရိမ်ကြောင်းနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့၊ ဖြစ်ပေါ်နေတဲ့ အခြေအနေကို တွေ့ဆုံဆွေးနွေးတဲ့နည်းနဲ့ အဖြေရှာပြီး ကျော်လွှားဖို့ တိုက်တွန်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ ကိုဗစ်ကပ်ရောဂါ အထွေထွေအကျပ်အတည်း ရင်ဆိုင်နေရတဲ့အချိန်မှာ အဖွဲ့အစည်းတခု၊ လူပုဂ္ဂိုလ်တစုဖြင့် ခြယ်လှယ် အကောင်အထည်ဖော်ရမယ့်အချိန်အခါမဟုတ်ဘဲ စုပေါင်းဝိုင်းဝန်းဆွေးနွေး အဖြေရှာဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုင်းရင်းသားပြည်သူတရပ်လုံး လိုလားတောင့်တနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်  တွေ့ဆုံဆွေးနွေးအဖြေရှာဖို့လည်း မကဒတက တိုက်တွန်းထားပါတယ်။

စစ်အာဏာရှင်စနစ်ကျဆုံးပြီး စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု မုချပေါ်ထွန်းရမယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024