အွန်လိုင်းမှငွေလိမ်လည်မှုဖြင့် ဖမ်းဆီးခံထားရသူ ၁၉ ဦးကို ရုံးထုတ် ရမန်ယူ
DVB
·
January 13, 2021
We Chat လူမှုကွန်ယက်ကို အသုံးပြုကာ ငွေကျပ်သိန်းပေါင်း ၂၁၃၂ သိန်း လိမ်လည်မှုနဲ့ ဆက်နွှယ်ပြီး CIDက ဖမ်းဆီးထားတဲ့ နိုင်ဂျီးရီးယား နိုင်ငံသား ၂ ယောက် အပါအဝင် စုစုပေါင်း ၁၉ ယောက်ကို ဇန်နဝါရီ ၁၂ ရက်နေ့က ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ရုံးထုတ် ရမန်ယူခဲ့ပါတယ်။
အဆိုပါ ၁၉ ဦးကို ဒေါ်ခင်မာကြူက တရားလိုပြုလုပ်ကာ ပုဒ်မ ၆၆ (ဂ) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ် ။
Photo - Kaung Zaw Hein / MPA