မူဆယ်-မန့်ဝိန်းဂိတ်ကို ၂၄ နာရီ စမ်းသပ်ဖွင့်လှစ်
DVB
·
January 6, 2021
ကိုဗစ်ကာလ အကန့်အသတ်နဲ့ ဖွင့်ထားတဲ့ မြန်မာ-တရုတ် အဓိက ကုန်သွယ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ် မန့်ဝိန်းဂိတ်ကို ဒီဇင်ဘာ ၅ ရက်က စပြီး ၂၄ နာရီ စမ်းသပ်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။
မန့်ဝိန်းဂိတ်ပေါက်က ကုန်တင်ယာဉ်တွေ ၂၄ နာရီ အဝင်၊ အထွက် စမ်းသပ်ကာလ ၁၀ ရက်ကို ပထမရက် အနေနဲ့ မနေ့က စတင် စမ်းသပ်ဖွင့်လှစ်ဆောင်ရွက်နေပြီလို့ မူဆယ် ယာဉ်ထိန်တပ်ဖွဲ့က တာဝန်ကျ ယာဉ်ထိန်းတစ်ဦးက ပြောပါတယ်။
ပထမနေ့ ဖြစ်တဲ့ ဇန်နဝါရီ ၅ ရက်မှာ ကားအစီးရေ ၂၂၀ ကို စမ်းသပ် ထည့်သွင်းပြီး ရလဒ် ပေါ်မူတည်ကာ အောင်မြင်ပါက နောက်ရက်တွေမှာ ကားအစီးရေထပ်တိုးထည့်သွင်း စမ်းသပ် သွားမယ် လို့ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ရဲ့ အဓိက ကုန်သွယ်ရာ ဂိတ်ပေါက်ကို ကိုဗစ်စည်းကမ်း သတ်မှတ်ချက်တွေကြောင့် မနက် ၆ နာရီမှ ည ၁၀ နာရီထိ ကန့်သတ် ဖွင့်လှစ်ရာကနေ ကုန်စည် စီးဆင်းမှု ပိုမိုလျင်မြန်စေဖို့ ကိုဗစ်ကာကွယ်ထိန်းချုပ်မှု စည်းကမ်းတွေနဲ့ အညီ ဇန်နဝါရီ ၅ ရက်မှ စပြီး ၂၄နာရီ စမ်းသပ် ဖွင့်လှစ်တာဖြစ်ပါတယ်။
သတင်း - Pra Jaw