နှစ်သစ်ကူးညက မန္တလေးအလုပ်သမားဆေးရုံရှိ ကိုဗစ်-၁၉ လူနာများကို တေးဂီတဖြင့် ဖျော်ဖြေ
DVB
·
January 1, 2021
မန္တလေးမြို့ရှိ အလုပ်သမားဆေးရုံက ကိုဗစ်-၁၉ ကူးစက်ခံထားရသူတွေကို ၂၀၂၁ နှစ်သစ်ကူးညမှာ တေးဂီတဖျော်ဖြေမှု ပြုလုပ်ခဲ့တယ်လို့ စေတနာ့ဝန်ထမ်းတွေထံက သိရပါတယ်။
Save Mandalay from COVID-19 (SMC Team)ရဲ့ ဦးဆောင်မှုနဲ့ အတူ အထက်မြန်မာပြည် မက်သဒစ်အသင်းတော်နဲ့ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်း ဖျော်ဖြေပေးခဲ့ ကြတာပါ။
ကိုဗစ်-၁၉ ကူးစက်ခံထားရသူတွေ၊ ကွာရန်တင်းဝင်နေရသူတွေကို စိတ်ပိုင်းဆိုင်ရာ အားပေး တဲ့အနေနဲ့ စေတနာ့ဝန်ထမ်းတွေက တေးဂီတဖျော်ဖြေမှုတွေ လိုက်လံလုပ်ဆောင်ပေးနေ တာလည်း ဖြစ်ပါတယ်။
အလုပ်သမား ဆေးရုံမှာ လတ်တလောအနေနဲ့ ကူးစက်ခံထားရသူ ၈၀ ကို ကုသမှု ပေးနေတယ်လို့လည်း သိရပါတယ်။
မန္တလေးအလုပ်သမားဆေးရုံကို နိုဝင်ဘာလဆန်းပိုင်းကစပြီး ကိုဗစ်-၁၉ ကူးစက်ခံ ပေါ့စတစ်စင်တာအဖြစ် ဖွင့်လှစ်ကာ ကုသမှု ပေးနေတာလည်း ဖြစ်ပါတယ်။
သတင်း - ထိန်ထိန်လင်း