တေးသံရှင် လင်းလင်း၏ ပဉ္စမမြောက် တေးအယ်လ်ဘမ်-“မသေဆေး”ထွက်ရှိ(ရုပ်သံ)
DVB
·
December 30, 2020
တေးသံရှင် လင်းလင်းရဲ့ ပဉ္စမမြောက် တကိုယ်တော် တေးအယ်လ်ဘမ်တချပ်ဖြစ်တဲ့ “မသေ ဆေး”ကို ဒီကနေ့ စတင်ပြီး ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။
ဒီအယ်လ်ဘမ်ကိုတော့ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက ပြင်ဆင်ခဲ့ရတာဖြစ်ပြီး သီချင်း ၁၂ပုဒ်ပါဝင်ကာ Bouns Tarck အနေဲ့ထည့်ထားတဲ့ “ပထမ”သီချင်းကို ထည့်သွင်း ပေးထားခဲ့တာပါ။
အဲဒီသီချင်းကတော့ ကိုဗစ်-၁၉ ကပ်ဘေးကာလ ကိုယ်ကျိုးမငဲ့တဲ့ ကျန်းမာရေး ဝန် ထမ်းတွေအတွက် ရည်ရွယ်သီဆိုခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့မေလတုန်းက ပရိသတ်တွေ ခံစား နားဆင်နိုင်ဖို့ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
တေးရေးသူတယောက်လည်းဖြစ်၊ အဆိုတော်တယောက်လည်းဖြစ်တဲ့ လင်းလင်း ဟာ “စဉ်းစားပါ”၊ “အမှန်တရား”၊ “သံမဏိလိပ်ပြာ”၊ “စတုတ္ထတော်လှန်ရေး”စတဲ့ တကိုယ်တော် တေးအယ်လ်ဘမ်တွေအပါအဝင် အတွဲသီချင်းအယ်လ်ဘမ်တွေမှာပါ သီဆို အောင်မြင်ခဲ့ပြီး လက်ရှိအချိန်ထိလည်း ဆက်လက်လျှောက်လှမ်းနေဆဲ ဖြစ်ပါတယ်။
ထူးခြားတဲ့ သီချင်းပုံစံတင်ဆက်မှုတွေနဲ့ သူ့သီချင်းတွေဟာ လူငယ်ပရိသတ်တွေ ကြားမှာ ရေပန်းစားသလို နောက်ပိုင်း နိုင်ငံရေးနောက်ခံ အခင်းအကျင်းတွေနဲ့အတူ တမူ ထူးခြားတဲ့ သူ့ရဲ့ သီချင်းတွေနဲ့လည်း လူသိများသူတဦး ဖြစ်ပါတယ်။
သရုပ်ဆောင် အဆိုတော်တဉီးဖြစ်တဲ့ ချစ်သုဝေနဲ့ လက်ထပ်ခဲ့ပြီး ချစ်စရာ အမြွှာသမီးလေး ၂ ယောက်ဖြစ်တဲ့ “ခေတ်နဲ့သစ်”အမည်နဲ့ ပရဟိတဖောင်ဒေးရှင်းတခုကို ထူထောင်ထားခဲ့ကြတာ ဖြစ်ပြီး လူမှုရေးလုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွ ပါဝင်လေ့ ရှိသူ ဖြစ်ပါတယ်။
ခုထွက်ရှိလာတဲ့ “မသေဆေး”အယ်လ်ဘမ်ကိုတော့ Bo Bo Music Production ကနေ ဒီကနေ့ စတင်ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။