Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ သန်း ၇၀ ကျော်ရှိ၊ မြန်မာတွင် ၁၀၄,၀၀၀ ကျော်ရှိ
DVB
·
December 11, 2020
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက်ဟာ ဒီဇင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းအထိ သန်း ၇၀ ကျော်နဲ့ မြန်မာနိုင်ငံမှာလည်း လက်ရှိအချိန်ထိ ပိုးတွေ့လူနာဦးရေ ၁၀၄,၀၀၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်မှာ သန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံအရေအတွက်ဟာ လည်း ၁၅ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၆ သန်းကျော်၊ သေဆုံးသူ ၂၉၉,၆၉၂ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၉ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁၄၂,၂၂၂ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၆ ဒသမ ၇ သန်းကျော်၊ သေဆုံးသူ ၁၇၉,၈၀၁ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ် တည်နေပါတယ်။ အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကူးစက်ခံရသူ ၂ သန်းခွဲကျော်နဲ့ ပြင် သစ်နိုင်ငံက ၂ ဒသမ ၃ သန်းကျော်နဲ့ ရှိနေတာဖြစ်ပြီး ယူကေ၊ အီတလီ၊ တူရကီနဲ့ စပိန်နိုင်ငံတွေမှာတော့ ၁ ဒသမ ၇ သန်းကျော်စီ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါ တယ်။ အဲဒီနောက်မှာတော့ အာဂျင်တီးနား၊ ကိုလံဘီယာ၊ ဂျာမနီ၊ မက္ကဆီကို၊ ပိုလန်နဲ့ အီရန်နိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူဦးရေ ၁ သန်းကျော်လာ ခဲ့တဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၈၆,၆၈၈ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၇၈ နေရာထိ ကျဆင်းသွားခဲ့ပါ တယ်။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အ မြင့်ဆုံး အိန္ဒိယ၊ တူရကီနဲ့ အီရန်နိုင်ငံပြီးရင် အင်ဒိုနီးရှားနဲ့ အီရတ်နိုင်ငံတွေက ကူးစက်ခံရ သူ ဦးရေ  ၅၉၈,၉၃၃ ယောက်၊ ၅၇၁,၂၅၃ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူဦးရေ ၄၈၅,၉၆၅ ယောက်နဲ့ သေဆုံးသူ ၆,၉၆၇ ယောက် ရှိနေတာ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၄၅,၅၄၀ ယောက်နဲ့ သေဆုံးသူ ၈,၇၀၁ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ဒီဇင်ဘာ ၁၀ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၀၄,၄၈၇ ယောက်၊ သေဆုံး သူ ၂,၂၀၁ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၈၂,၈၁၃ ယောက်ရှိပြီလို့ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေ ဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၇၈,၄၉၉ ယောက်နဲ့ သေဆုံးသူ ၃၉၆ ယောက် ရှိပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၂၉၇ ယောက်နဲ့ ခုရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာပဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၄,၁၈၀ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ အယောက် ၆၀ ယောက် ရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၃၈၅ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူ နိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၅၂ ယောက်နဲ့ သေဆုံး သူ ၃ ယောက် ရှိနေတာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၃၅၇ ယောက်နဲ့  ၄၁ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ ပြီး သေဆုံးသူ အရေအတွက် ၁ သန်းခွဲကျော်ရှိနေပြီး ရောဂါပြန်လည် ပျောက်ကင်းလာ သူ အရေအတွက်ကတော့ ၄၉ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024