ကိုဗစ်ထိန်းချုပ်ရေး အမိန့်ညွှန်ကြားချက် ဒီဇင်ဘာ ၁၅ ရက်အထိ ထပ်တိုး
DVB
·
November 29, 2020
ကိုဗစ်ထိန်းချုပ်ရေးနဲ့ပတ်သက်တဲ့ အမိန့် ညွှန်ကြားချက်တွေကို ဒီဇင်ဘာ ၁၅ ရက်အထိ ထပ်ပြီးတိုးလိုက်တယ်လို့ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ကြေညာပါတယ်။
ဆက်ပြီးထိန်းချုပ်ဖို့လိုတာကြောင့် ပြည်ထောင်စုအဆင့်အဆင့် အဖွဲ့အစည်းတွေ၊ ပြည်ထောင်စုဝန်ကြီးဌာနတွေက ကိုဗစ် ထိန်းချုပ် တားဆီးရေးအတွက် နိုဝင်ဘာ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ ပြည်သူသို့ ပန်ကြားချက်၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေကို ဒီဇင်ဘာ ၁၅ ရက်အထိ တိုးလိုက်တယ်လို့ ဆိုပါတယ်။
ဒီထဲမှာ ဖြေလျှော့ တိုးမြှင့်ဖို့ လိုတဲ့ကိစ္စတွေကတော့ မပါဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၈၇၉၇၇ ယောက်၊ သေဆုံးသူ ၁၈၈၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၆၇၅၈၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။