ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၄ ဦး၏ အမည်စာရင်း ကော်မရှင်အတည်ပြု ထုတ်ပြန်
DVB
·
November 15, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်ရဲ့ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၅ ရက် မနက် ၉ နာရီမှာ ထပ်မံ အတည်ပြုထုတ်ပြန် ကြေညာလိုက်ပါတယ်။
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်
-ဦးခင်မောင်မြင့်(ခ)ဦးဒိတ်၊ ကချင်ပြည်နယ်၊ ဗမာတိုင်းရင်းသား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
-ဦးစိုင်းစိန်လင်း၊ ကချင်ပြည်နယ်၊ ရှမ်းတိုင်းရင်းသား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ
-ဦးရွှေမင်း(ခ)ဆီဖာလာလူး၊ ကချင်ပြည်နယ်၊ လီဆူးတိုင်းရင်းသား၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
-ဦးချန်းဆင်ဇီ(ခ)ဂျော်ရ်ရမ်၊ ကချင်ပြည်နယ်၊ ရဝမ်တိုင်းရင်းသား၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ