ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ် ၄ ဦး၏ အမည်စာရင်း ကော်မရှင်အတည်ပြုထုတ်ပြန်
DVB
·
November 14, 2020
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲအများစုနဲ့ အနိုင်ရရွေးကောက်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄ ယောက်ရဲ့ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီမှာ ထပ်မံ အတည်ပြုထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်
- ဦးဆင်ဆုန်း၊ ကချင်ပြည်နယ်၊ ခေါင်လန်ဖူး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
အမျိုးသားလွှတ်တော်
- ဦးရခွီဖုန်၊ ကချင်ပြည်နယ်၊ အမှတ်-၁၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်
- ဦးရွှေလေး၊ ကချင်ပြည်နယ်၊ ခေါင်လန်ဖူး-၁၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
- ဦးဖီရမ်ဆားရ်၊ ကချင်ပြည်နယ်၊ ခေါင်လန်ဖူး-၂၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ