ကနီမြို့နယ်က ရပ်ကျေးမဲရုံအချို့တွင် မဲရလဒ်များထွက်ပေါ်
DVB
·
November 8, 2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်က၊ ယင်းယိမ်အုပ်စု၊ သဖန်းချောင်းမဲရုံမှာ ပထမဆုံး ရေတွက်ပြီးစီးသွားတဲ့ မဲရလဒ်တွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရတယ်လို့ သဖန်းချောင်းမဲရုံတာဝန်ရှိသူက ပြောပါတယ်။
ပြည့်သူ့လွှတ်တော်မှာ NLD က ၁၉၄ မဲ၊ USDP က ၂ မဲ၊ ပယ်မဲ ၂ မဲ ရရှိခဲ့ပြီး အမျိုးသားလွှတ်တော်မှာ NLD က ၁၉၃ မဲ၊ USDP က ၃ မဲ၊ ပယ်မဲ ၂ မဲ တို့ ဖြစ်ပါတယ်။ တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁)မှာတော့ NLD က ၁၈၇ မဲ၊ USDP ၃ မဲ၊ တ.စ.ည ၁ မဲ နဲ့ ပယ်မဲ ၇ မဲတို့ဖြစ်တယ်လို့ ကနီမြို့နယ်ရဲ့ ကနဦးမဲစာရင်းအရ သိရပါတယ်။
တရားဝင်မဲရလဒ်တွေကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြု ထုတ်ပြန်မှာ ဖြစ်ပါတယ်။
သတင်း - ကျော်မင်းသန့်