သပိတ်ကျင်းမြို့အနီး အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
October 31, 2020
မန္တလေးတိုင်း သပိတ်ကျင်းမြို့မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၃ ဒသမ ၇ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
မြန်မာစံတော်ချိန် ၀၅ နာရီ၊ ၂၆ မိနစ်၊ ၂၂ စက္ကန့် အချိန်က သပိတ်ကျင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၂.၉၇ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၀၄ ဒီဂရီ၊ အနက် ၄ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး ၃ ဒသမ ၇ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက်နေ့ညကလည်း သပိတ်ကျင်းမြို့မြောက်ဘက်မှာ အင်အား ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်တခု လှုပ်ခတ်ခဲ့ပါတယ်။