ဟွာဝေးကုမ္ပဏီ ၂၀၂၀ တတိယသုံးလပတ်တွင် ဝင်ငွေ တရုတ်ယွမ် သန်းပေါင်း ၆ သိန်းကျော်ရ
DVB
·
October 26, 2020
ဟွာဝေးကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ် တတိယသုံးလပတ်မှာ မနှစ်က ကာလတူထက် ဝင်ငွေ ၁၀ ပုံ တပုံလောက်ပိုရလာပြီး စုစုပေါင်းဝင်ငွေ တရုတ်ယွမ် သန်းပေါင်း ၆ သိန်းကျော်ရတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါဟာ ကုမ္ပဏီရဲ့ မျှော်မှန်းထားတာနဲ့ အတူတူဖြစ်ပြီး ဝင်ငွေ ၆၇၁ ဒသမ ၃ ဘီလီယံဟာ မနှစ်က တတိယ ၃ လပတ်ထက် ၉ ဒသမ ၉ ရာခိုင်နှုန်းပိုလာတယ်လို့ ဆိုပါတယ်။
ကိုဗစ်ဖြစ်နေတာကြောင့် ထုတ်လုပ်မှုနဲ့ လုပ်ငန်းဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ သိသိသာသာကြုံခဲ့ရပေမယ့် ဒီကာလအတွက် အသားတင်အမြတ်ငွေကတော့ ၈ ရာခိုင်နှုန်း ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒီငွေကြေးအချက်အလက်တွေဟာ နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံတဲ့ စံနှုန်းတွေအရ စီစဉ်ထားတာဖြစ်ပြီး တရားဝင် မစစ်ရသေးတဲ့ ကိန်းဂဏန်းတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဟွာဝေးဟာ ဝန်ထမ်းပေါင်း ၁၉၄,၀၀၀ လောက်နဲ့ နိုင်ငံပေါင်း ၁၇၀ ကျော်မှာ ဝန်ဆောင်မှုပေး နေပြီး ဝန်ထမ်းတွေက အပြည့်အဝပိုင်ဆိုင်တဲ့ ကုမ္ပဏီတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။