ကာမိုင်းမြို့တောင်ဘက်တွင် အင်အား ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်လှုပ်
DVB
·
October 12, 2020
ကချင်ပြည်နယ် ကာမိုင်းမြို့တောင်ဘက်မှာ မနေ့ညက အင်အား ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၁၁ ရက်၊ မြန်မာစံတော်ချိန် ၁၈ နာရီ၊ ၁၄ မိနစ်၊ ၅၇ စက္ကန့်အချိန်မှာ ကာမိုင်းမြို့ရဲ့ တောင်ဘက် ၁၄ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၃၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၇၄ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။