ဝေကြီးသီဆိုထားသည့် “ငိုးမကိုဗစ်ကြီး”သီချင်း အွန်လိုင်းပေါ် နာမည်ကြီးနေ(ရုပ်သံ)
DVB
·
September 29, 2020
“ကဲတုန်းက ကဲပြီးပြီ… ခုတော့နည်းနည်းလောက် အိမ်မှာနေကြည့်… ရည်းစား လေးလည်း နေဦး… နင့်ထက်အရေးကြီးတာမျိုးတွေ့ပြီ… စိတ်ဒုက္ခပေးပြီးပြီ… မင်းမွေး ခဲ့တဲ့မင်းမြို့ကိုပြန်ပြီး… ဒိုးတော့နှုတ်ဆက်သင့်ပြီ… ဝမ်းလည်းမနည်းနဲ့ "ငလူးမ ကိုဗစ် ကြီး"
ဒါကတော့ လတ်တလော အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတဲ့ လူငယ်အဆိုတော် ဝေကြီးရဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွားစာသား တွေ ဖြစ်ပါတယ်။
“ငိုးမကိုဗစ်ကြီး”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ ဝေကြီးက ကိုယ်တိုင်ရေး ပြီး ကိုယ်တိုင်ပဲ သီဆိုထားခဲ့ကာ လတ်တလော ကြုံတွေ့နေရတဲ့ အခြေအနေတွေနဲ့ ထင် ဟပ်နေတာမို့ ပရိသတ်တွေကြားမှာ နာမည်ကြီးနေခဲ့တာ ဖြစ်ပါတယ်။
“Bar နဲ့ Nightclub ပိတ်ပြီ… သတင်းကြားရတဲ့နေ့က သေပါပြီ… ငါဝမ်းနည်း မိလို့ငိုတုန်း… ဒီ"တိုက်"ကတစ်ယောက်တွေ့တယ်ဗျို့ သွားပြီ… ခင်ဗျားနဲ့ကျုပ်နဲ့တွေ့ပြီ … ကောင်းကျိုးမပေးတဲ့ "ငလူးမကိုဗစ်ကြီး"… အခုတော့စဉ်းစားပြီးပြီ… ခင်ဗျား မရှိတော့တဲ့တနေ့တော့ ပျော်ပျော်ကြီး”
ဝေကြီးဟာ ကိုယ်ပိုင်သံစဉ်သီချင်းတွေ ရေးပြီး ထိရှလွယ်တဲ့ သီချင်းစာသားတွေနဲ့ အတူ ပရိသတ်တွေကြား နာမည်ကြီးလာခဲ့ပြီးနောက်မှာတော့ ကိုယ်တိုင်လည်း သီချင်း တွေ သီဆိုလာခဲ့တာ ဖြစ်ပါတယ်။
“Line ပေါ်မတင်ပါနဲ့” ၊ “အိမ်ထဲမှာ” ၊ တခြားအဆိုတော်တွေနဲ့ တွဲဖက်သီဆိုထားခဲ့ တဲ့ “ငါမုန်းတဲ့နာရီ”စတဲ့ သူ့ရဲ့ သီချင်းတွေဟာလည်း ပရိသတ်အားပေးလက်ခံမှုတွေ ရရှိခဲ့ ပြီး လူသိများတဲ့ သီချင်းတွေ ဖြစ်ခဲ့ပါတယ်။
“သင်္ကြန်ကို ၁၀ ရက်လုပ်မည်… KTVမှာပဲ အိပ်မည်ပျော်ပျော်ကြီး… ရည်းစားနဲ့ ခရီးထွက်မည်… VEGAS ပြည်အထိ… ငွေဆာင်မှာ ရေကူးဦးမည်… စေတီတွေ အကုန် ဖူးဦးမည်ပျော်စရာကြီး… တဖြည်းဖြည်းနဲ့စဉ်းစားကြည့်တာ… တနေတောင် ကုန်သွား ပြီ”
ခုတခါ အလန်းစား တေးသွားစာသားတွေနဲ့ “ငိုးမကိုဗစ်ကြီး”သီချင်းထဲမှာလည်း ပရိသတ်တွေက ဝေကြီးရဲ့ ဖန်တီးမှုကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။
ဒီသီချင်းကိုတော့ အွန်လိုင်းဂီတပလက်ဖောင်းတွေဖြစ်တဲ့ Tay Than Thar ၊ Legacy Music နဲ့ Joox စတဲ့ ပလက်ဖောင်းတွေကတဆင့် ခံစားနားဆင်နိုင်မှာဖြစ်ကာ ရက်ပိုင်းအတွင်းမှာပဲ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
တေးချစ်သူအမည်နဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာတခုကတော့ ဝေကြီးရဲ့ ပုံရိပ်တွေနဲ့ အတူ သီချင်းရုပ်သံကို လိုက်ဖက်ညီအောင် ဖန်တီးထားခဲ့ပြီး နာရီပိုင်းအတွင်း ဝင်ရောက် ကြည့်ရှုကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။