အင်းစိန်ရွာမကျောင်းတိုက်က နောက်ထပ် သံဃာ ၂၇၅ ပါး ကိုဗစ်-၁၉ ကူးစက်ခံရ
အောင်သူ
·
September 25, 2020
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှာ သံဃာ ၂၇၅ ပါး ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်ခံရပြီး ကျောင်းထိုင်ဆရာတော်ကြီးကတော့ ရောဂါပိုးကူးစက်ခံရတာမရှိဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စက်တင်ဘာ ၂၄ ရက်က အဲဒီကျောင်းတိုက်က သံဃာ ၇၅ ပါးမှာ ရောဂါပိုးတွေ့ရှိပြီး ဒီကနေ့စက်တင်ဘာလ ၂၅ ရက်နေ့မှာ ကျောင်းတိုက်အတွင်းရှိတဲ့ သံဃာ အပါး ၆၀၀ နီးပါးကို စစ်ဆေးတဲ့အခါမှာ ထပ်မံတွေ့ရှိခဲ့တာပါ။
ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရတဲ့ သံဃာတော်တွေကို ရန်ကုန်တိုင်းဒေသကြီး အင်းစိန် စော်ဘွားကြီးကုန်း ကျောက်တော်ကြီး သာသနာ့ဗိမာန်မှာ ကုသပေးမှာ ဖြစ်ပါတယ်။