ကာမိုင်းမြို့ အနောက်တောင်ဘက်တွင် မြေငလျင်လှုပ်
DVB
·
September 24, 2020
ကချင်ပြည်နယ် ကာမိုင်းမြို့ရဲ့ အနောက်တောင်ဘက်မှာ ဒီနေ့မနက်အစောပိုင်းက အင်အား ၃.၉ အဆင့်ရှိ မြေငလျင်တခု လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
စက်တင်ဘာလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၂ နာရီ၊ ၃၀ မိနစ်၊ ၃၈ စက္ကန့်အချိန်မှာ ကာမိုင်းမြို့ရဲ့ အနောက်တောင်ဘက် ၂ မိုင် ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၅.၄၉ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆.၆၉ ဒီဂရီ၊ အနက် ၃၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။