လူနာအမှတ် ၃၄၁၃ ထံမှ အသက် ၁၃ နှစ်အရွယ်သားဖြစ်သူ ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
September 18, 2020
ရန်ကုန်မြို့ကနေ ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ ဆိုက်ခေါင်ရွာကို ပြန်လာတဲ့ လူနာအမှတ် ၃၄၁၃ ကနေတဆင့် ၁၃ နှစ်အရွယ် သားဖြစ်သူကို ကိုဗစ်-၁၉ ရောဂါ ထပ်မံ ကူးစက်ခံခဲ့ရတယ်လို့ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာဇဝနကို က ပြောပါတယ်။
ဆီဆိုင်မြို့နယ်က ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ အကြောင်း အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာလ ၁၈ ရက် မနက်ပိုင်းက အတည်ပြု ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ရောဂါကူးစက်ခံရတဲ့ အသက် ၁၃ နှစ်အရွယ် ကလေးငယ်ဟာ ကျန်းမာရေးကောင်းမွန်နေပြီး စဝ်စံထွန်းဆေးရုံကြီးကို ပြောင်းရွှေ့ကုသသွားမှာဖြစ်သလို အဆိုပါ လူနာနဲ့ ထိတွေ့ခဲ့သူတွေကိုလည်း ဆက်လက် စုံစမ်းမှုတွေလုပ်နေတယ်လို့ သိရပါတယ်။
သတင်း - နန်းစပယ်