ဝါရင့်ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးပလာတာ ကွယ်လွန်
DVB
·
September 17, 2020
တခေတ်တခါက မြန်မာ့ရုပ်ရှင်ပရိသတ်တွေကို သဘာဝကျကျ ဟာသဇာတ် လမ်းဇာတ်ကွက်တွေနဲ့ ရယ်မောပျော်ရွှင်စေခဲ့သူ ဝါရင့်ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးပလာတာဟာ ဒီကနေ့မနက်အစောပိုင်းက ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်သွားပါတယ်။
ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော်ကြီး ဦးပလာတာဟာ စက်တင်ဘာ ၁၇ ရက် မနက် နာရီအချိန်မှာ ကွယ်လွန်အနိစ္စ ရောက်သွားတဲ့အကြောင်းကိုတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ ဦးအေးကြူလေးက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပြီး ပရိသတ်တွေကို အသိပေးမျှဝေထားခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၉၀ အရွယ်ရှိနေပြီဖြစ်တဲ့ ဦးပလာတာကိုတော့ ပရိသတ်တွေက ရယ်ရွှင်ရိပ်သန်းတဲ့ ဟာဒယဉာဏ်အပြည့်ရှိတဲ့ ဟာသသရုပ်ဆောင်တယောက်အနေနဲ့ သိကြမှာဖြစ်ပြီး ရုပ်ရှင်ကားပေါင်းများစွာမှာ အမြဲတတွဲတွဲ သရုပ်ဆောင်ဘက် ဦးစံမတူနဲ့ တွဲဖက်ပြီးတော့လည်း သတိပြုမိကြမှာဖြစ်ပါတယ်။
လတ်တလောမှာတော့ ဦးပလာတာရဲ့ နာရေးသတင်းအပေါ် အနုပညာလောက သားတွေကရော ပရိသတ်တွေကပါ စိတ်မကောင်းဖြစ်နေကြပြီး ဝမ်းနည်းရကြောင်း မှတ်ချက်တွေ ရေးသားနေကြပါတယ်။
ဓာတ်ပုံ- U Aye Kyu Lay