Home
မြန်မာသတင်း
ကရင်ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ထိုင်းနိုင်ငံ တာခ်ရိုင်မှူးက အကူအညီပေးအပ်
DVB
·
September 9, 2020
ကရင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ကပ်ဘေးကာလအတွင်း  လိုအပ်တာ အသုံးပြုနိုင်ဖို့ မြဝတီတစ်ဘက်ခြမ်း ထိုင်းနိုင်ငံ တာခ်ရိုင်မှူးက ထိုင်းဘတ်ငွေ ၂ သိန်းဖိုးရှိတဲ့  လက်ဆောင်ပစ္စည်းတွေ  စက်တင်ဘာ ၈ ရက်နေ့မှာ လွှဲပြောင်းပေးအပ်လိုက်တယ်။ ရေသန့်စင်စက်၊ ခြင်ထောင်၊ စားစရာနဲ့ အဝတ်လျှော်စက်တွေအပါအဝင် ထိုင်း ဘတ်ငွေ နှစ်သိန်းကျော်လောက်တန်ဖိုးရှိတဲ့ လက်ဆောင်တွေကို  တာခ်ရိုင်မှူးက ကိုယ်တိုင်မသွားဘဲတဆင့် လွဲပြောင်းပေးခဲ့ရာမှာ မြဝတီခရိုင် အုပ်ချုပ်ရေးမှူး အခွန်ဦးစီးဌာန ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌက လက်ခံရယူခဲ့ပါတယ်။ တာခ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး နိုင်းအော်လစေ့ စမ်ဖမ်းထလပ်က “ အိမ်နီးချင်းဖြစ်တဲ့ မြဝတီမြို့တွင်း ဗိုင်းရပ်စ်ကူးစက်မှုကို မြဝတီခရိုင်မှူးက အဓိကထား အရေးကြီးတဲ့ လုပ်ငန်းတစ်ခုဆိုတာ ကျနော်နားလည်ထားပြီး လိုအပ်ပါက တာခ်ခရိုင်မှူးနဲ့ မြဝတီခရိုင်မှူးက ပူးပေါင်းကာကွယ်မှုလုပ်ပေးနေသလို  ကျန်းမာရေး သတင်းဖလှယ်မှုတွေလည်း  ပြုလုပ်နေဆဲပါ။” လို့ ပြောပါတယ်။  အိမ်နီးချင်းမြန်မာနိုင်ငံဘက်က ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကို စောင့်ကြည့်နေပြီး ပိုမိုဆိုးရွားတဲ့ ပြောင်းလဲမှုတွေ ပေါ်ပေါက်လာပါက နပ်စပ်သွားလာ ကုန်တင်ပို့တာတွေကို ပြန်လည် သုံးသပ် အဖြေရှာသွားမယ်လို့လည်း ပြောပါတယ်။  မြန်မာနိုင်ငံဘက်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ပြန်လည်မြင့်တက်လာတာကြောင့် မြဝတီ-မဲဆောက်နယ်စပ်မှာ အသွားအလာတွေပိတ်ထားပြီး ကုန်စည်ပို့ဆောင်ရာမှာလည်း  ၄ ဘီးကားတစ်စီဂကို ယာဉ်မောင်းတစ်ဦးသာ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)ကနေ သွားလာခွင့်ပေးထားပါတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို ချိုးဖောက်ပြီး  နယ်ကျော်သူတွေကိုလည်း ဥပဒေနဲ့အညီ အရေးယူမယ်လို့လည်း အသိပေးကြေညာထားပါတယ်။ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအနေနဲ့  မတ်လကနေ အခုအချိန်အထိ မြန်မာနိုင်ငံကို ပြန်လာသူပေါင်း ၇၀၀၀၀ ဦးကျော်ပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ တချို့လည်း ရှိပါတယ်။ သတင်း - ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024