ဗိုလ်တထောင်တွင် ကိုဗစ်-၁၉ လူနာ သားသမီးထံက မိဘနှစ်ပါး ရောဂါကူးစက်ခံရ
ညီငယ်
·
September 7, 2020
ရန်ကုန် ဗိုလ်တထောင်မြို့နယ်မှာနေတဲ့ ကိုဗစ်-၁၉ လူနာ သားနဲ့သမီးဆီကနေ မိဘနှစ်ပါး ကူးစက်ခံလိုက်ရတယ်လို့ ဗိုလ်တထောင်မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဇင်မင်းမင်းလတ်က ပြောပါတယ်။
"အဲဒါကတော့ နဂိုကိစ္စဟောင်းတွေပါဘဲ။ ကျမတို့ ...Case နဂိုရှိပြီးသား အိမ်သားပါ။ သားနဲ့ သမီးကနေပြီးတော့ သူနဲ့အတူနေတဲ့ မိဘနှစ်ပါးပါပဲ။"လို့ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်က ဗိုလ်တထောင် သိမ်ဖြူလမ်းနေ Case 1018-1019 သားသမီး ၂ယောက်တွေ့ရှိပြီးနောက် ဒီကနေ့က အတူနေ မိဘနှစ်ပါးဆက်ပြီး ရောဂါ အကူးခံရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တကျော့ပြန် ကိုဗစ်၁၉ ကပ်ရောဂါကြောင့် ကူးစက်မှုနှုန်း လျင်မြန်လာနေပြီး ရန်ကုန်ကတော့ ပိုးတွေ့လူနာအများဆုံးဖြစ်ပါတယ်။
ဒီနေ့မနက်ထုတ်ပြန်တဲ့ လူနာစာရင်းအရလည်း ရန်ကုန်ဟာ ပိုးတွေ့လူနာ ၉၂ ယောက်အထိ စံချိန်သစ်တင်လာပြီး ဒီမနက်အထိစာရင်းတွေအရ ရန်ကုန်မှာ စုစုပေါင်းပိုးတွေ့လူနာ ၆၉၉ ယောက်ရှိနေပြီဖြစ်ပါတယ်။