လမ်းမတော်ဗဟိုစည်အိမ်ရာတွင် ဘယ်ကကူးမှန်းမသိသည့် ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ့
ညီငယ်
·
September 4, 2020
ဒီနေ့မနက် ကိုဗစ်-၁၉ ပိုးတွေ့လူနာစာရင်းမှာပါတဲ့ ရန်ကုန်၊ လမ်းမတော်မြို့နယ် အမှတ် ၁၀ ရပ်ကွက်၊ ဗဟိုစည်အိမ်ရာဝင်းမှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဆီမှာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိတယ်လို့ လမ်းမတော်မြို့နယ် ၁၀ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးတင်ဝေက ဒီဗွီဘီကို ပြောပါတယ်။
ဘယ်ကနေ ရောဂါကူးစက်ခံရမှန်မသိတဲ့ အဆိုပါလူနာဟာ စက်တင်ဘာ ၁ ရက်နေ့က ဖျားရာက ရန်ကုန်ဆေးရုံကြီးကို တက်ရောက်ပြသရင်း အဆုတ်ရောင်တဲ့ လက္ခဏာတွေ့လို့ ဓာတ်ခွဲနမူနာယူ စစ်ဆေးရာကနေ ရောဂါပိုးတွေ့ရှိခဲ့တာပါ။
သူဟာ လွန်ခဲ့တဲ့ ၆ လလောက်ကတော့ စင်္ကာပူကနေပြန်လာခဲ့ကြောင်း၊ လက်ရှိမှာတော့ သူ့အိမ်က မိသားစုဝင် ၃ ယောက်ကို အသွားအလာကန့်သတ်ထားပြီး ကျန်းမာရေးဆိုင်ရာကိစ္စတွေ ဆက်လက်ဆောင်ရွက်သွားမှာကြောင်းနဲ့ သူနေထိုင်ရာတိုက်ကိုလည်း လော့ဒေါင်းလုပ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
ဒီနေ့မနက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ လူနာသစ် ၂၂ ယောက်စာရင်းမှာ ရန်ကုန်က အယောက် ၂၀ ပါဝင်ပါတယ်။