ချောက်တွင် တောင်ကမ်းပါးယံ ပြိုကျနိုင်၍ နေအိမ်များ ပြောင်းရွှေ့ (ဓာတ်ပုံ)
DVB
·
August 30, 2020
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၊ အမှတ် ၁၀ နယ်မြေ၊ ပတ္တမြားရပ်ကွက်မှာ အမြင့် ၃၅ ပေလောက်ရှိ တောင်ကမ်းပါးယံ ပြိုကျနိုင်တဲ့အခြေအနေတွေရှိတာကြောင့် မီးသတ်တပ်ဖွဲ့က နေအိမ်တွေကို ပြောင်းရွှေ့ပေးခဲ့တယ်လို့ သိရပါတယ်။
ချောက်မြို့နယ် မီးသတ်စခန်းက သန္ဓေနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကမ်းပါးယံအခြေရှိ နေအိမ်တွေကို ရွှေ့ပြောင်းတာနဲ့ ကမ်းပါးယံပေါ်ရှိ ကျောက်တုံးကြီးတွေကို Chain Block အသုံးပြု ဖယ်ရှားတာတွေ ဆောင်ရွက်နေတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။