Homeမြန်မာသတင်း
မြဝတီ သဲဖြူချောင်းဂိတ်တွင် သိန်းပေါင်း ၁ သန်းကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းမိ
မြဝတီ သဲဖြူချောင်းဂိတ်တွင် သိန်းပေါင်း ၁ သန်းကျော်တန်ဖိုးရှိ ICE မူးယစ်ဆေးများ ဖမ်းမိ
DVB
·
August 20, 2020
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြန်မာ-ထိုင်းနယ်စပ် သဲဖြူချောင်းဂိတ်မှာ ကျပ်သိန်းပေါင်း ၁ သန်းကျော် တန်ဖိုးရှိ ICE မူးယစ်ဆေးတွေ ဖမ်းမိရခဲ့ပါတယ်။
သြဂုတ် ၁၉ ရက်နေ့ မနက် ၁၁ နာရီအချိန်က မြဝတီမြို့ဘက်ကနေ မောင်းနှင်လာတဲ့ ကားကို DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်အမှတ် ၁ ဗျူဟာ တပ်ရင်း ၉၀၉ ဂိတ်မှာ စစ်ဆေးရာမှ ကားနောက်မှာ တင်ဆောင်လာတဲ့ မူးယစ်ဆေး ICE ကီလို ၁၈၀၀ ကို ဖမ်းဆီးရမိခဲ့တာပါ။
ကာလတန်ဖိုး တစ်ကီလို ကျပ်သိန်း ၆၀၀ ရှိပြီး လက်ရှိ ဖမ်းမိထားတဲ့ မူးယစ်ဆေးတွေဟာ ကျပ် သိန်းပေါင်း ၁ သန်းကျော် တန်ဖိုးရှိပါတယ်။
ICE မူးယစ်ဆေးတွေ ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး ယာဉ်မောင်း ၁ ဦးနဲ့ လိုက်ပါသူ ၃ ဦးတို့ ကို စစ်ဆေးနေတယ်လို့ သိရပါတယ်။
သြဂုတ် ၁၀ ရက်နေ့ကလည်း ICE မူးယစ်ဆေး ၃၉၁ ကီလို ကို ထိုင်း-မြန်မာနယ်စပ်မှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
ဖိုးစီ