ယောချောင်းအတွင်း ဆိပ်ဖြူ မြေတိုင်းစာရေး ၁ ဦး ရေနစ်သေဆုံး
DVB
·
August 3, 2020
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့၊ ယောချောင်းအတွင်းမှာ ဆိပ်ဖြူမြေစာရင်းဦးစီးဌာန မြေတိုင်းစာရေးတဦး ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မြေတိုင်းစာရေး ဦးသိန်းဇော်ဟာ သူငယ်ချင်း ၃ ဦးနဲ့ ဧရာဝတီ မြစ်ရေတက်ဝင်ရောက်နေတဲ့ ယောဝရပ်ကွက် ယောချောင်းအတွင်း သြဂုတ် ၂ ရက်နေ့ ညနေပိုင်း ရေဆင်းချိုးရင်း ရေနစ် ပျောက်ဆုံးခဲ့တာလို့ ဆိပ်ဖြူမီးသတ်ဦးစီး ဦးအောင်ဇော်လင်းက ပြောပါတယ်။
“ကျနော်တို့ မနေ့က သတင်းရရခြင်း ရှာဖွေတာ ည ၉ နာရီခွဲအထိ မတွေခဲ့ဘူး။ ဒီကနေ့မနက် ၆ နာရီလောက်က စရှာတော့ ၇ နာရီကျော်လောက်မှာ တွေ့တယ်။ သူတို့က ချောင်း ရေစီးမျှောလိုက် လိုက်ပြန်တက်ပြီး အထက်ကနေ ပြန်မျှောလိုက် လုပ်ရင်းကနေ ဖြစ်သွားတ။”
ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့က အသက်ကယ်လှေ ၁ စီး၊ တံငါလှေ ၂ စီးနဲ့ ရှာဖွေကယ်ဆယ်ရေးတွေ ပြုလုပ်ခဲ့ကြတာလို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဆိပ်ဖြူမြို့မရဲစခန်းမှာ သေမှုသေခင်းဖွင့်ပြီး အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ကိုလင်း(ချောက်)