ပြည်သူ့ရှေ့ဆောင်ပါတီက ကိုယ်စားလှယ်လောင်း ၂၄၈ ဦးဖြင့် ၉၈ မြို့နယ်တွင် ပြိုင်မည်
DVB
·
August 3, 2020
ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) ပါတီက မြို့နယ် ၉၈ မြို့နယ်က မဲဆန္ဒနယ်တွေမှာ ကိုယ်စားလှယ်လောင်း ၂၄၈ ဦးနဲ့ ရွေးကောက်ပွဲဝင်ပြိုင်သွားမယ်လို့ ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က DVB ကို ပြောပါတယ်။
ဝင်ပြိုင်မယ့်မဲဆန္ဒနယ်တွေကတော့ ပြည်ထောင်စုအဆင့်အနေနဲ့ နေရာ ၁၁၀ မှာ ဝင်ပြိုင်မှာဖြစ်ပြီး တိုင်းရင်းသားဝန်ကြီးနေရာ ၃ နေရာလည်း ဝင်ပြိုင်မှာဖြစ်ပါတယ်။ ကျန်တာတွေကတော့ တိုင်းဒေသကြီးပြည်နယ်လွှတ်တော်နေရာတွေမှာ ဝင်ပြိုင်မယ်လို့ ဆိုပါတယ်။
သူ့အနေနဲ့တော့ ပြည်ထောင်စုအဆင့်လွှတ်တော်ကိုယ်စားလှယ်နေရာအတွက် ဝင်ပြိုင်မှာဖြစ်ပြီး ဘယ်မြို့နယ်ကနေ ဝင်ပြိုင်မလဲဆိုတာကတော့ ဩဂုတ် ၈ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ပေးမယ်လို့ ဒေါ်သက်သက်ခိုင်ကပြောပါတယ်။