Home
မြန်မာသတင်း
ပရဟိတမင်းသားကြီး ကျော်သူရေးသည့် “အပေးအယူ”စာအုပ် ထွက်ရှိ
DVB
·
July 1, 2020
ပရဟိတ မင်းသားကြီး ကျော်သူရေးသားထားတဲ့ “အပေးအယူ”စာအုပ် ဒီကနေ့ ထွက်ရှိလာ ပါတယ်။ ကျော်သူရဲ့ ဘဝနေနည်း အတွေးအမြင်တွေကို ရေးသားထားတဲ့ ဒီစာအုပ်ကိုတော့ တန်ဖိုးကျပ် ၃၀၀၀ နဲ့ ဆန်းစသော်တာစာပေက ထုတ်ဝေလိုက်တာ ဖြစ်ပါတယ်။ ဒီစာအုပ်နဲ့ ပတ်သက်ပြီး ကျော်သူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက်စာမျက်နှာပေါ်မှာ ခုလိုရေးသားထားခဲ့တာကို တွေ့ရပါတယ်။        “ကျွန်တော့် ပရိသတ်များအတွက် ကျွန်တော်ရေးသားထားသည့် "အပေးနဲ့အယူ"စာအုပ် ယခု ရက်ပိုင်းအတွင်း "ဆန်းစသော်တာ စာအုပ်ထုတ်ဝေရေး"မှ စတင်ထွက်ဝေတော့မည်ဖြစ်ရာ အားပေး သည့် ပရိသတ်များအတွက် ယနေ့ အမှတ်တရ လက်မှတ်များ ထိုးပေးခဲ့ရာ ယခင် မင်းသားဘဝက အော်တိုထိုးပေးရသည့် စံချိန်သစ် ချိုးခဲ့ရပါပြီ။ စာအုပ်တစ်အုပ်ကို လက်မှတ်ထိုးရင်းဖြင့် သာဓု သာဓု သာဓုဟု ဝယ်ယူ ဖတ်ရှုသူတို့အား ရည်ရွယ်၍ ကျေးဇူးတင်ရှိ မေတ္တာပို့ခဲ့ပါသည်။ ကြေးအိုးတစ်ပွဲစားမည့်အစား "အပေးအယူ" ကို ဖတ်ကြည့်ပါ။ (တစ်အုပ် ၃၀၀ဝိ/-)”        အသက် ၆၀ အရွယ် ရှိနေပြီဖြစ်တဲ့ ကျော်သူဟာ ၁၉၈၄ ခုနှစ်မှာ စတင်ပြီး ရုပ်ရှင်လောက ထဲကို ရောက်ရှိလာခဲ့ပြီး လက်ရှိအချိန်ထိ ရုပ်ရှင်ကားပေါင်း ရာနဲ့ချီ ရိုက်ကူးခဲ့ရသူ ဖြစ်ပါတယ်။        သဘာဝမင်းသားတလက်အနေနဲ့ ပရိသတ်တွေ သိကြတဲ့ ကျော်သူဟာ ၁၉၉၄ ခုနှစ်မှာ တပြည်သူမရွှေထားရုပ်ရှင်နဲ့ အကောင်းဆုံးအမျိုးသားသရုပ်ဆောင် အကယ်ဒမီဆုကို ရရှိခဲ့ပြီး ၂၀၀၃ ခုနှစ်မှာတော့ အမေ့နို့ဖိုးရုပ်ရှင်နဲ့ အကောင်းဆုံးဒါရိုက်တာ အကယ်ဒမီဆုကို ဆွတ်ခူးရရှိထားခဲ့ ပါတယ်။        လက်ရှိမှာတော့ နာရေးကူညီမှုအသင်းရဲ့ ဥက္ကဋ္ဌတယောက်အနေနဲ့ တာဝန်ထမ်း ဆောင်နေပြီး လူမှုကူညီရေးလုပ်ငန်းတွေမှာ ထဲထဲဝင်ဝင် လှုပ်ရှားဆောင်ရွက်နေပါတယ်။ ကျော်သူဟာ အရင်ကလည်း “ကျနော်သာ သမ္မတကြီး ဖြစ်ခဲ့လျှင်နှင့် အခြားဝတ္ထုတိုများ” စာအုပ်ကို ရေးသားထုတ်ဝေခဲ့ဖူးပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024