တရားဟောဆရာ ဒေးဗစ်လားကို တတိယအကြိမ် ရုံးထုတ်စစ်ဆေး (ဓာတ်ပုံ)
DVB
·
June 8, 2020
တရားဟောဆရာ ဒေးဗစ်လားနဲ့ နဝရတ်တေးသံသွင်းပိုင်ရှင် ဦးဝေထွန်းတို့ကို မရမ်းကုန်းမြို့နယ်တရားရုံးမှာ ဇွန်လ ၈ ရက်နေ့က တတိယအကြိမ်ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
တရားဟောဆရာ စောဒေးဗစ်လားနဲ့အဖွဲ့ဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံတွေအရ ဘာသာရေးအခမ်းအနားတွေ၊ လူစုလူဝေးပွဲတွေ မပြုလုပ်ဖို့ သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့အမိန့်ကို မလိုက်နာတဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေအရ အမှုဖွင့်အရေးယူခံရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၃ ရက်ကတော့ ခရစ်ယာန် တရားဟောဆရာ စောဒေးဗစ်လားနဲ့ နဝရတ် တေးသံသွင်းက ဦးဝေထွန်းတို့ရဲ့ အမှု အာမခံလျှောက်ထားမှုကို မရမ်းကုန်းမြို့နယ်တရားရုံးက ပယ်ချထားပါတယ်။
Photo - Kyaw Swar Tun / MPA