အမေရိကန်တွင် ကျင်းပမည့် မြန်မာရုပ်ရှင်ပွဲတော်အတွက် ပြိုင်ပွဲဝင်ရုပ်ရှင်များ ဖိတ်ခေါ်
DVB
·
June 4, 2020
အမေရိကန်ပြည်ထောင်စု၊ လော့စ်အင်ဂျလိစ်မြို့မှာ ကျင်းပမယ့် ၁၃ ကြိမ်မြောက် မြန်မာ ရုပ်ရှင်ပွဲတော်မှာ ပါဝင်ပြသကြမယ့် ပြိုင်ပွဲဝင် ရုပ်ရှင်တွေကို ခေါ်ယူနေပါတယ်။
ဒီပွဲတော်မှာ ဇာတ်လမ်းတို၊ ဖြစ်ရပ်မှန်အခြေပြုရုပ်ရှင်၊ မှတ်တမ်းရုပ်ရှင်၊ နောက်ခံစကားပြော ရုပ်ရှင်စတဲ့ ရုပ်ရှင်ကားအမျိုးအစား အစုံပါဝင်ယှဉ်ပြိုင်နိုင်ပြီး ဝင်ခွင့်အခမဲ့နဲ့ ပါဝင်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။
ပြိုင်ပွဲဝင်ရုပ်ရှင်တွေကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပေးပို့ရမှာဖြစ်ပြီး အချက်အလက်အသေးစိတ်ကို ရုပ်ရှင်ပွဲတော်ရဲ့ ဝက်ဘ်ဆိုက် http://netmaa.org/film-festival/ မှာ သွားရောက်ဖတ်ရှုနိုင်သလို ဦးဆန်းညွန့် ဖုန်း-၀၉-၇၃၁-၅၂၄၉၉ သို့ ဖြစ်စေ၊ အမေရိကန်နိုင်ငံ ဖုန်းနံပါတ်-၆၂၆-၅၃၇-၉၉၉၀ သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။