အိန္ဒိယနိုင်ငံတွင် ဝတ်ပြုနေရာအချို့ ပြန်လည်ဖွင့်လှစ်
DVB
·
June 2, 2020
အိန္ဒိယရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ဇွန် ၁ ရက်မှာ ၁၉၀,၀၀၀ ကျော်အထိ မြင့်တက်လာပြီး ပြင်သစ်ကို ကျော်တက်ကာ ကမ္ဘာမှာ သတ္တမမြောက် ကူးစက်သူ အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။
အနောက်ဘန်ဂေါပြည်နယ်က ဝတ်ပြုရာနေရာတွေကို ဇွန် ၁ ရက်မှာ ပြန်ဖွင့်ခဲ့ပြီး တကြိမ်မှာ လူ ၁၀ ယောက်နှုန်း ကန့်သတ်ထားပါတယ်။
ဝန်ကြီးချုပ် မိုဒီရဲ့ လော့ဒေါင်းအစီအမံဟာ ရောဂါပျံ့နှံ့တာကို မတားဆီးနိုင်သလို သန်းနဲ့ချီတဲ့ အခြေခံလူတန်းစားတွေရဲ့အလုပ်အကိုင်တွေ ထိခိုက်ခဲ့ရတဲ့အပေါ်မှာ ဝေဖန်မှုတွေ ကြီးထွားနေတာပါ။
အန္တရာယ်ရှိဇုန်တွေမှာ ကိုရိုနာဗိုင်းရပ်စ် လော့ဒေါင်းအစီအမံကို ဇွန် ၃၀ ရက်အထိ သက်တမ်းတိုးထားပေမယ့် တခြားနေရာတွေမှာတော့ စားသောက်ဆိုင်၊ ဈေးဝယ်စင်တာနဲ့ ဘာသာရေး အဆောက်အအုံတွေကို ဇွန် ၈ ရက်နေ့ကစပြီး ပြန်ဖွင့်ခွင့်ပြုသွားမှာပါ။
နိုင်ငံတကာလေကြောင်းခရီးစဉ်နဲ့ မြို့ပတ်ရထား ပို့ဆောင်ရေး ကန့်သတ်ချက်တွေကို မရုပ်သိမ်းပေမယ့် ပြည်နယ်တွင်း ခရီးသွားလာတာကို ခွင့်ပြုထားပါတယ်။
ကျောင်းတွေ၊ ကောလိပ်တွေ ပြန်ဖွင့်မယ့် ဆုံးဖြတ်ချက်ကို ပြည်နယ်တွေအနေနဲ့ ဇူလိုင်လမှာ ဆုံးဖြတ်သွားဖို့ ဖက်ဒရယ်အစိုးရက မျှော်လင့်ထားပါတယ်။