ဆည်မြောင်းလုပ်ငန်းတွင် လုပ်သားအင်အားလိုအပ်နေသဖြင့် အလုပ်သမားများကို ဖိတ်ခေါ်
DVB
·
May 12, 2020
ဆည်ရေသောက်စနစ် အဆင့်မြှင့်တင်နေတာမှာ လုပ်သားတွေလိုအပ်နေပြီး အလုပ်ရချင်တဲ့ ပြည်သူတွေအနေနဲ့ နီးစပ်ရာလုပ်ငန်းခွင်တွေမှာ သင့်တော်တဲ့အလုပ်ကို လုပ်နိုင်တယ်လို့ ဆည်မြောင်းနဲ့ ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ကြေညာထားပါတယ်။
ပဲခူးတိုင်း လက်ပံတန်းနဲ့ သာယာဝတီ၊ ဒိုက်ဦး၊ စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ကန့်ဘလူ၊ မန္တလေးတိုင်း ကျောက်ဆည်နဲ့ နေပြည်တော် ဥတ္တရသီရိတို့မှာ လုပ်နေတဲ့ ဆည်ရေသောက်စနစ် ၅ ခုအဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေမှာ လုပ်သားအင်အားကိုပဲ အဓိကထားသုံးစွဲနေတယ်လို့ ဆိုပါတယ်။
ဒီလုပ်ငန်းတွေကို ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ဂျပန်နိုင်ငံ ODA ချေးငွေတို့နဲ့ ဆောင်ရွက်နေတာ ဖြစ်ပြီး အလုပ်အကိုင်လိုတဲ့ ပြည်သူတွေအနေနဲ့ နီးစပ်ရာလုပ်ငန်းခွင်က တာဝန်ခံတွေကို ဆက်သွယ်ပြီး သင့်တော်တဲ့ လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နိုင်တယ်လို့ နှိုးဆော်ထားပါတယ်။
ဓာတ်ပုံ-MOALI