Home
မြန်မာသတင်း
စင်ကာပူတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသား ၁၄၄ ဦးကို အစိုးရက လေယာဉ်ဖြင့် ပြန်ခေါ်ယူ 
DVB
·
May 7, 2020
COVID-19 ကပ်ဘေးကာလ စင်ကာပူနိုင်ငံမှာ  အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသား ၁၄၄ ဦးကို မြန်မာအမျိုးသားလေကြောင်းလိုင်း MNA နဲ့ အစိုးရက ပြန်လည်ခေါ်ဆောင်ခဲ့ရာမှာ ဒီနေ့ မွန်းလွဲပိုင်း ၃ နာရီကျော်လောက် ရန်ကုန် လေဆိပ်ကို ပြန်လည်ရောက်ရှိလာပါတယ်။ မြန်မာသံရုံးရဲ့ အစီအစဉ်နဲ့ ပြန်လာသူတွေအထဲမှာ သံဃာတော်၊ ကိုယ်ဝန်ဆောင်မိခင်၊ ဆေးသွားကုတဲ့ လူနာတွေ၊ သက်ကြီးရွယ်အိုတွေ၊ အစိုးရပညာတော်သင်တွေ၊ မိမိစရိတ်နဲ့ ပညာသင်ကြားနေတဲ့ ကျောင်းသား/သူတွေ၊  အလုပ်လုပ်ခွင့်ပါမစ်နဲ့ အလုပ်လုပ်ကိုင်နေကြသူတွေနဲ့ အကျဉ်းထောင်ကလွတ်မြောက်လာသူတွေပါဝင်တယ်လို့ နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ပြန်ရောက်လာသူတွေအနေနဲ့ သီးခြားသတ်မှတ်ပေးထားတဲနေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်တွေမှာ (၂၁) ရက်တာ အသွားအလာကန့်သတ်နေထိုင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတကာခရီးသည်တင်လေယာဉ်တွေ ပျံသန်းမှုယာယီရပ်ဆိုင်းထားတာကြောင့် ပြည်ပနိုင်ငံအသီးသီးမှာ အမှန်တကယ် အခက်အခဲကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ပြန်လည်ခေါ်ဆောင်နိုင်ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ နိုင်ငံတွေရှိ မြန်မာသံရုံးတွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတို့နဲ့ ညှိနှိုင်းပြီး နိုင်ငံသားတွေကို ပြန်ခေါ်ပေးနေတာပါ။ ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်နေ့ကလည်း  ကိုရီးယားသမ္မတနိုင်ငံမှ (၉၆) ဦး၊ မေလ ၂ ရက်က  ဂျပန်နိုင်ငံမှ (၁၉၅) ဦး၊ မေလ ၆ ရက်က  ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ (၃၈) ဦးနဲ့  ထိုင်းနိုင်ငံမှ (၁၃၅) ဦး၊ မေလ ၇ ရက်မှာ စင်ကာပူနိုင်ငံမှ (၁၄၄) ဦး စုစုပေါင်း (၆၀၈) ဦးအား ပြန်လည်ခေါ်ဆောင်ပေးနိုင်ခဲ့တယ်လို့  နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024