လွှတ်တော်အမတ်များကို COVID-19 ရောဂါရှိမရှိ စစ်ဆေးမည်
DVB
·
May 7, 2020
လာမယ့် မေလ ၁၈ ရက်မှာ ပြန်လည်ခေါ်ယူကျင်းပမယ့် ပြည်သူ့/ အမျိုးသား/ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွေမှာ တက်ရောက်မယ့် ကိုယ်စားလှယ် အားလုံးဟာ COVID-19 ရှိမရှိ စစ်ဆေးခံရမှာဖြစ်သလို quarantine တစ်ပတ် ဝင်ရမယ်လို့လည်း သိပါရတယ်။
လွှတ်တော်အစည်းအဝေးအတွက် နေပြည်တော်ကို မေလ ၉ ရက်နေ့ထက် မစော ၁၀ ရက်နေ့ထက် နောက်မကျပဲ လွှတ်တော်ကို သတင်းပို့ရမှာဖြစ်ပြီး မိသားစုတွေအဖော်တွေလည်း ခေါ်လာလို့မရပါဘူး။
ကိုယ်စားလှယ်တွေရောက်ကြောင်း သတင်းပို့ပြီးတာနဲ့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက Swab နမူနာရယူပြီး COVID-19 ရောဂါ ကူးစက်ခံရမှုရှိမရှိ ဓာတ်ခွဲဆေးစစ်မှာဖြစ်ပါတယ်။
ကိုယ်စားလှယ်တွေအနေနဲ့ မိမိနေထိုင်ရာနေရာကနေ လွှတ်တော်ကလွဲပြီး တခြားသွားလာခြင်းမလုပ်ဖို့ကိုလည်း စည်းကမ်း ထုတ်ပြန်ထားပါတယ်။
လွှတ်တော်ကျင်းပရက် ၉ ရက်လောက်အတွင်းမှာတော့ ဘက်ဂျက်အသုံးစရိတ်ကိစ္စ အတည်ပြုဖို့ ဆွေးနွေးဆောင်ရွက်ကြမှာဖြစ်ပြီး ကိုယ်စားလှယ်တွေအနေနဲ့ နေပြည်တော် ရောက်မှ ခွင့်တိုင်တာမျိုးမလုပ်ဖို့နဲ့ ကျန်းမာရေးအရ အသက်အရွယ်အရ မလာဖြစ်ပါက ခွင့်အဖြစ် သတ်မှတ်မယ်လို့ သိရပါတယ်။