မြန်မာနိုင်ငံတွင် လူပေါင်း ၃၅၀၀ ကျော်ကို ဓာတ်ခွဲနမူနာရယူ စစ်ဆေးပြီးစီး
DVB
·
April 17, 2020
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဒီကနေ့ ဧပြီ ၁၇ ရက်မနက်အထိ နိုင်ငံတဝန်း စောင့်ကြည့်လူနာနဲ့ အသွားအလာကန့်သတ်ထားသူ စုစုပေါင်း ၃,၅၀၅ ဦးရဲ့ ဓာတ်ခွဲနမူနာများကို စစ်ဆေးခဲ့ရာမှာ ၈၅ ဦးမှာ COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့ပြီး ၃,၄၂၀ ဦးမှာ ရောဂါပိုးမရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဧပြီလ ၁၆ ရက်နေ့မှာ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးကပေးပို့လာတဲ့ COVID-19 ရောဂါ စောင့်ကြည့်လူနာ (၁၁၀)ဦးနဲ့ အသွားအလာကန့်သတ်ထားသူ (၁၅၉)ဦး၊ စုစုပေါင်း (၂၆၉) ဦးတို့ရဲ့ ဓာတ်ခွဲနမူနာတွေမှာ COVID-19 ရောဂါပိုး မတွေ့ရှိရဘူးလို့လည်း ထုတ်ပြန်ပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၈၅ ဦး တွေ့ရှိခဲ့တဲ့အနက် ၄ ဦးသေဆုံးသွားပြီး ၂ ဦးကတော့ ရောဂါပိုးကင်းစင်သွားပြီဖြစ်လို့ နေအိမ်နဲ့ သက်ဆိုင်ရာနေရာမှာ ၂ ပတ်ကြာ အသွားအလာ ကန့်သတ်ထားပါတယ်။
ကျန်တဲ့ အတည်ပြုလူနာ ၇၉ ဦးကိုတော့ သက်ဆိုင်ရာ ဆေးရုံတွေမှာ လိုအပ်သလို ကုသမှုပေးနေပြီး အားလုံးရဲ့ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကောင်းမွန်နေတယ်လို့ သိရပါတယ်။