ညောင်ဦး-စလေအကြားနှင့် ခန္တီးမြို့အနီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်
DVB
·
April 16, 2020
မြန်မာနိုင်ငံ အလယ်ပိုင်းက ညောင်ဦးနဲ့စလေမြို့အကြားမှာ ဒီမနက် ၂နာရီလောက်က အင်အားအနည်းငယ်ရှိ ငလျင်တခုလှုပ်ခဲ့တယ်လို့ မိုး/ဇလက သတင်းထုတ်ပြန်ပါတယ်။
ညောင်ဦးမြေငလျင်စခန်းက အနောက်တောင်ဘက် မိုင် ၄၀ ခန့်အကွာ စလေမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၂၃မိုင်ခန့်အကွာ ပြည်တွင်းတနေရာကို ဗဟိုပြုပြီး အင်အား ၄ အဆင့်ရှိ ငလျင် လှုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒါ့အပြင် မနက် ၁၀ နာရီ၊ ၀၇ မိနစ်၊ ၃၇ စက္ကန့်လောက်က ခန္တီးမြို့ တောင်ဘက် ၈ မိုင်ခန့် အကွာမှာ အင်အားရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခုလည်း လှုပ်ရှားသွားခဲ့ပါတယ်။
ဓာတ်ပုံ- မိုးဇလ