ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျ၍ ၈ ဦးသေဆုံး၊ ၈ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရ
DVB
·
April 13, 2020
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာမှာ ဧပြီလ ၁၃ ရက် မနက် ၇ နာရီ လောက်က လက်နက်ကြီး ကျည်တွေကျခဲ့လို့ ရွာသား ၈ ဦးသေပြီး ၈ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့သူတွေထဲက ၂ ယောက်က ပုဏ္ဏားကျွန်းမြို့ဆေးရုံကနေစစ်တွေဆေးရုံအသွား လမ်းမှာ သေဆုံးခဲ့ပါတယ်။ စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှု တွေ အချိန်ကြန့်ကြာတာကြောင့် သေ ဆုံးသွားတာလို့ မိသားစုဝင်တွေက ပြောပါတယ်။
အဲဒီကျေးရွာနားမှာ တပ်မတော်နဲ့အေအေတပ်ဖွဲ့တို့ကြားတိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပုဏ္ဏား ကျွန်းမြို့မှာရှိတဲ့ အမှတ် ၅၅၀ ခြေမြန်တပ်ရင်းက ပစ်လိုက်တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဖြစ်စဉ်အသေးစိတ်ကို တ ပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို မေးမြန်းကြည့်တော့ ဒါ ကစွပ်စွဲမှုတစ်ခုသာဖြစ်ပြီး အဲဒီရွာမှာ တိုက်ပွဲ ဖြစ်တာ မရှိဘူးလို့ ဒီဗွီဘီကိုပြောဆိုပါတယ်။
ဧပြီလ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာသာ ပုဏ္ဏားကျွန်းမြို့နယ်ထဲက ပေါက်တော ပြင်ကျေးရွာနားမှာ တိုက်ပွဲဖြစ်ခဲ့တာရှိပြီး တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတွေနဲ့ ကျောက်ဆိပ်ကျေးရွာက အရမ်းဝေးတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။