ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲသူများ COVID-19 ရောဂါကူးစက်မှုဒဏ် ပိုမိုခံစားရနိုင်
DVB
·
April 12, 2020
ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲသူတွေဟာ COVID-19 ရောဂါကူးစက်မှုရဲ့ဒဏ်ကို ပိုမိုခံစားရနိုင်တယ်လို့ ပြည်သူ့ကျမ်းမာရေးဦးစီးဌာနက သတိပေးထုတ်ပြန်ပါတယ်။
ဆေးလိပ်သောက်တဲ့အခါ မိမိရဲ့ လက်ချောင်းတွေ (ရောဂါပိုး တင်ကျန်နေတဲ့ ဆေးလိပ်တွေ) ဟာ မိမိရဲ့ ပါးစပ် နှုတ်ခမ်းတွေနဲ့ ထိတွေ့ရတဲ့အတွက် လက်ကနေ ပါးစပ်ကို ဗိုင်းရပ်စ်ရောဂါပိုး ရောက်ရှိကူးစက်စေနိုင်ပါတယ်။
ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲသူတွေမှာ အဆုတ်ရောဂါရှိနေနိုင်သလို ဆေးလိပ် ဆေးရွက်ကြီး သုံးစွဲခြင်းကြောင့် အဆုတ်ရဲ့ ကျန်းမာမှု ထိခိုက်နိုင်တာကြောင့် ရောဂါခံစားရမှုကို ပိုမိုဆိုးဝါးပြင်းထန်စေနိုင်ပါတယ်။
shisha၊ အီးစီးကရက် စတဲ့ ပစ္စည်းတွေကို အသုံးပြုတဲ့အခါ ပိုက်ခေါင်းထိပ်နဲ့ ပိုက်တွေကို မိတ်ဆွေအပေါင်းအသင်းတွေနဲ့ မျှဝေသုံးစွဲကြတဲ့အတွက် COVID-19 ရောဂါကူးစက်မှုကို ပိုမိုဖြစ်ပွားစေနိုင်ပါတယ်။
အောက်ဆီဂျင် ပိုမိုလိုအပ်တဲ့ အခြေအနေ ဒါမှမဟုတ် ခန္ဓာကိုယ်က အောက်ဆီဂျင်ကို ကောင်းစွာ အသုံးမပြုနိုင်တဲ့ အခြေအနေတွေမှာ အဆုတ်ရောင်ခြင်းကဲ့သို့ ဆိုးဝါးပြင်းထန်တဲ့ အဆုတ်ရောဂါတွေကို ပိုမိုဦးတည်ဖြစ်ပွားစေနိုင်ပါတယ်။