Home
ရုပ်သံ
ရဲလေးနှင့် ဂျိုကာ ဂီတပုံစံမျိုးစုံဖြင့် မြူးမြူးကြွကြွသီဆိုထားသည့် COVID-19 ပညာပေးသီချင်း (ရုပ်သံ)
DVB
·
April 10, 2020
       အဆိုတော် ရဲလေးနဲ့ ညီဖြစ်သူ ဂျိုကာတို့ ဆန်းဆန်းပြားပြား သီဆိုသရုပ်ဆောင် ထားခဲ့ကြတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID-19 ပညာပေးသီချင်းတပုဒ်ဟာ အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။        လတ်တလောကာလမှာတော့ ဒီဗိုင်းရပ်စ်ဟာ ကပ်ရောဂါအသွင်ဆောင်လာတာမို့ အများပြည်သူကို အသိပညာပေးမှုတွေ လုပ်ဆောင်ကြရမယ့် အခြေအနေတခု ရောက်ရှိ နေခဲ့တာ ဖြစ်ပါတယ်။        သက်ဆိုင်ရာ အစိုးရကျန်းမာရေးဌာနက ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင် ဖို့ အများပြည်သူကို ကျန်းမာရေးအသိပညာပေးမှုတွေ၊ သတင်းအချက်အလက်တွေ အ ချိန်နဲ့ တပြေးညီ ထုတ်ပြန်ပေးနေသလို အနုပညာရှင်တွေကလည်း တထောင့်တနေရာက ပါဝင်အားဖြည့်တဲ့အနေနဲ့ ပညာပေးသီချင်းရုပ်သံတွေထုတ်လုပ်ပြီး မျှဝေပေးမှုတွေ လုပ် ဆောင်လာကြတာပါ။        ရဲလေးတို့ ညီအစ်ကို ၂ ယောက် ပူးပေါင်းဖန်တီးလိုက်တဲ့ အသိပညာ ပေးရုပ်သံဗွီဒီ ယိုဖိုင်ထဲမှာတော့ ထူးခြားစွာပဲ ဂီတအမျိုးအစား ၁၀ မျိုးနဲ့ ပေါင်းစပ်သီဆိုထားခဲ့ကြတာ ကို တွေ့ရပါတယ်။        လက်ဆေးဖို့၊ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကြဖို့၊ တတ်နိုင်သမျှ အိမ်ထဲမှာပဲနေထိုင်ကြဖို့၊ အပြင်သွားရင် နှာခေါင်းစည်း (Mask) တပ်ဆင်သွားကြဖို့စတဲ့ အချက်အလက်တွေကို မတူကွဲပြားတဲ့ ဂျက်ဇ်၊ အော်လ် တာ၊ ရက်ဂေး၊ ကန်းထရီး၊ ဟဲဗီးမက်တဲလ်၊ ကေပေါ့ပ်၊ အာရ်အန်ဘီ၊ ဟစ်ပ်ဟော့ပ်၊ အီးဒီ အမ်စတဲ့ တေးဂီတပုံစံ မျိုးစုံနဲ့ မြူးမြူးကြွကြွ တင်ဆက်ခဲ့ကြတာကို ဒီရုပ်သံထဲမှာ ရှုစား ကြရမှာ ဖြစ်ပါတယ်။        "ကမ္ဘာသူကမ္ဘာသားများအားလုံး ကပ်ရောဂါဘေးမှ ကင်းဝေးကြပါစေ"ဆိုတဲ့ ဆုတောင်း စကားလေးနဲ့ ရဲလေးရဲ့ YLJK Entertainment ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့တဲ့ ဒီရုပ်သံဗွီဒီယိုဖိုင်ဟာ အွန်လိုင်းပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။        မြန်မာနိုင်ငံမှာတော့ လတ်တလောအချိန်ထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံထားရ သူ ၂၇ ဦးရှိပြီး သေဆုံးသူ ၃ ဦးထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။        တကမ္ဘာလုံးမှာတော့ လက်ရှိအချိန်ထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁ သန်းခွဲကျော်သွားခဲ့ပြီ ဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024