ရွှေဘိုထောင်က အကျဉ်းသား ၄၄ ဦး ပြန်လည်လွတ်မြောက်
Aung Ko Latt
·
April 9, 2020
စစ်ကိုင်းတိုင်း၊ ရွှေဘိုအကျဉ်းထောင်ကနေ မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်တွေအတွင်း လွတ်ရက်စေ့ အကျဉ်းကျခံနေရသူတွေနဲ့ ရက်ပိုင်းသာကျန်တော့တဲ့ အကျဉ်းသား ၄၄ ဦးကို ဧပြီ ၉ ရက်က ပြန်လွှတ်ပေးလိုက်ပါတယ်။
အခုပြန်လည်လွတ်မြောက်လာသူတွေထဲမှာ ရိုးရိုးအကျဉ်းသား ၄၂ ဦး၊ အကျဉ်းသူ ၂ ဦးပါဝင်ပြီး အများဆုံးထောင်ဒဏ် ၁၃ နှစ်ကနေ ၈ ရက်၊ ၁၅ ရက် ကျခံရသူတွေလည်း ပါဝင်ပါတယ် ပြန်လွတ်လာသူအားလုံးက ရိုးရိုးအကျဉ်းသားတွေဖြစ်ပြီး လက်နက်မှု၊ လောင်းကစားမှု၊ မူးယစ်မှု၊ တစ်လင်တစ်မယားမှု၊ ရာဇသတ်ကြီးမှု စတာတွေပါဝင်ပါတယ်။
သမ္မတရဲ့ နှစ်စဉ် နှစ်သစ်ကူးရောက်တိုင်း ပြုလုပ်လေ့ရှိတဲ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးတာ မဟုတ်ဘူးလို့ သိရပါတယ်။