ကမာရွတ်မြို့နယ် ရပ်ကွက် ၃ ခုကို ပိုးသတ်ဆေးဖျန်း (ဓာတ်ပုံ)
DVB
·
April 4, 2020
Covid - 19 ရောဂါ ကာကွယ်ရေးအတွက် ရန်ကုန်တိုင်းအနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ်က ရပ်ကွက် ၃ ခုကို ပိုးသတ်ဆေးဖျန်းပေးခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ကမာရွတ်မြို့နယ် ၁ ရပ်ကွက်၊ ၃ ရပ်ကွက်နဲ့ ၉ ရပ်ကွက်အတွင်းရှိ စာသင်ကျောင်း၊ စျေးနဲ့ လမ်းတွေမှာ ဧပြီ ၃ ရက်နေ့က ဆေးဖျန်းပေးခဲ့တာလို့ ဆိုပါတယ်။