အိန္ဒိယတွင် အသွားအလာ ကန့်သတ်မှုကြောင့် ကျူးကျော်နေသူများ စားဝတ်နေရေး အခက်ကြုံ
DVB
·
April 2, 2020
အိန္ဒိယနိုင်ငံတဝန်းလုံး အသွားအလာ ကန့်သတ်မှု Lock down လုပ်ထားတာကြောင့် ကျူးကျော်ရပ်ကွက်နေ ပြည်သူတွေဟာ စားစရာမရှိသလို ဝယ်ဖို့လည်း ငွေမရှိကြတဲ့ အခက်အခဲ ကြုံတွေ့နေပါတယ်။
ဒေလီမြို့ အစွန်အဖျားက အန်နာနဂါ ကျူးကျော်ရပ်ကွက်မှာ နေထိုင်တဲ့ ဘာပါအီဟာ အမှိုက်ပုံက ပစ္စည်းတွေလိုက်ကောက်ကာ ပြန်ရောင်းပြီး မိသားစု ၉ ယောက်ကို ရှာကျွေးနေတာပါ။
Lock down စကတည်းက သူတို့မိသားစုဟာ အလုပ်အကိုင် မရှိ၊ စားစရာ မရှိ ဖြစ်နေပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာကိုလည်း စိုးရိမ်တယ်လို့ ဘာပါရီက ပြောပါတယ်။
ဒါ့အပြင် လူနေထူတဲ့ သူတို့ကျူးကျော်ရပ်ကွက်မှာ တဦးနဲ့တဦး ခပ်ခွါခွါ နေဖို့လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာကို ထိန်းချုပ်ဖို့ နိုင်ငံတဝန်းလုံးမှာ သီတင်း ၃ ပတ် အသွားအလာ ကန့်သတ်တာကို ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဝန်ကြီးချုပ်မိုဒီက ကြေညာခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ သန်းနဲ့ချီတဲ့ အိန္ဒိယဆင်းရဲသားတွေကို ငတ်မွတ်စေပြီး ဘေးကျပ်နံကျပ် ဖြစ်စေပါတယ်။
အစိုးရက ဆင်းရဲသားတွေကို ငွေကြေးနဲ့ စားနပ်ရိက္ခာ ထောက်ပံ့ဖို့ရာ အမေရိကန် ဒေါ်လာ ၂၂ ဒသမ ၆ ဘီလီယံ ထောက်ပံ့ပေးမယ့် အစီအစဉ်တရပ်ကို မတ်လ ၂၆ ရက်က ကြေညာခဲ့ပေမယ့် ကျူးကျော်နေ အများအပြားကတော့ အဲဒီထောက်ပံ့မှုကို မရကြသေးဘူးလို့ ဘာပါရီက ပြောပါတယ်။
“အစောပိုင်းတုန်းက ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေလိမ့်လယ်။ အခုတော့ ငတ်လို့ သေလိမ့်မယ်” လို့ ဘာပါရီက ဆိုပါတယ်။