Home
မြန်မာသတင်း
ချောက်ပြည်သူ့ဆေးရုံတွင် သေဆုံးသွားသည့် စောင့်ကြည့်လူနာတွင် COVID-19  ပိုးမတွေ့ရှိ
DVB
·
April 2, 2020
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့ ပြည်သူ့ဆေးရုံမှာ Hospital Quarantine အဖြစ် စောင့်ကြည့်ထားစဉ် သေဆုံးသွားတဲ့ လူနာ အမျိုးသားတဦးမှာ  COVID- 19 ဗိုင်းရပ်စ် ကူးစက်ခံရတာ မတွေ့ရှိကြောင်း မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။ “Hospital Quarantine ထား လူနာအဖြေကတော့ ဒီကနေ့မနက်မှာဘဲ စာနဲ့ရောက်လာပြီး ရောဂါပိုးမတွေ့ရှိပါဘူးလို့ ရောက်ရှိလာပါပြီ။ သူကို ဆေးရုံရောက်ကတည်းက ဆေးရုံတွေကို ချမှတ်ထားတဲ့ Guideline  နဲ့ အညီ ဆောင်ရွက်ခဲ့တယ်။ လမ်းညွှန်ချက်နဲ့ အညီ Search ကို လုပ်တယ် အဲဒီမှာ Negative ထွက်ပါတယ်”လို့ မြို့နယ် ဆရာဝန်ကြီးက ဒီဗွီဘီကို ပြောပါတယ်။ အဆိုပါ သေဆုံးသူ အသက် ၃၀ ခန့် အရွယ် အမျိုးသားလူနာဟာ ချောက်ပြည်သူဆေးရုံကို မတ်လ ၃၁ ရက် မနက်ပိုင်းက ရောက်ရှိလာပြီး COVID-19 ကူးစက်ရောဂါ လမ်းညွှန်ချက် အုပ်စု စီက လက္ခဏာတွေနဲ့ ကိုက်ညီလို့ Hospital Quarantine စောင့်ကြပ်ကုသထားရှိနေချိန်မှာ အခြား ရောဂါနဲ့ သေဆုံးသွားခဲ့တာလို့လည်း ဆရာဝန်ကြီးက ပြောပါတယ်။ သေဆုံးသူဟာ COVID- 19 ဖြစ်ပွားရာ ဒေသကိုခရီးသွားခဲ့တဲ့ ရာဇဝင်မရှိသလို လွန်ခဲ့တဲ့ ၃ နှစ်လောက်က  ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဦးခေါင်း ခွဲစိပ်ကုသမှု ခံယူထားခဲ့သူဖြစ်ပါတယ်။၊ သေဆုံးသူမျာ COVID-19 ရောဂါရှိမရှိကို သိရဖို့ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း(ရန်ကုန်)သို့ ပေးပို့စစ်ဆေးခဲ့တာ ဖြစ်ပါတယ်။   သတင်း- ကိုလင်း(ချောက်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024