COVID-19 ကြောင့် ရန်ကုန်တိုင်းတရားရုံး အမှုကြားနာမည့်ကိစ္စများ ဧပြီလကုန်ထိ ဆိုင်းငံ့
DVB
·
March 25, 2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမှုတွေကြားနာမယ့်လုပ်ငန်းကိစ္စတွေကို ဧပြီလကုန်အထိ ဆိုင်းငံ့လိုက်တယ်လို့ ရန်ကုန်တိုင်း တရားလွှတ်တော်က ကြေညာပါတယ်။
မတ် ၃၀ ရက်ကနေ ဧပြီ ၃၀ ရက်အတွင်း ၃ ပတ်ကြိုပြီး ကြေညာထားတဲ့ ရာဇဝတ်မှုနဲ့ တရားမမှုခင်းတွေကို ဆိုင်းငံ့လိုက်ပြီး မတ် ၂၅ နဲ့ ၂၆ ရက်တို့အတွက် ထုတ်ပြန်ချိန်းဆိုထားတာတွေကိုတော့ ကြားနာသွားမယ်လို့ ဆိုပါတယ်။
ပြီးတော့ မတ် ၃၀ ကနေ ဧပြီ ၃၀ ရက်အတွင်း ချိန်းဆိုထားတဲ့အချုပ်တရားခံပါတဲ့ မှုခင်းတွေကိုတော့ သတ်မှတ်ရုံးချိန်းရက်တွေမှာ အင်းစိန်အကျဉ်းထောင်ထဲမှာပဲ ချိန်းဆိုသွားမှာ ဖြစ်ပါတယ်။ ပြန်ပြီး ရုံးထိုင်ကြားနာမယ့်ရက်ကို ထပ်ကြေညာပေးမယ်လို့လည်း ဆိုပါတယ်။