ငွေဆောင်အနီး ရွာတရွာတွင် ပုလင်းဗုံးပေါက်ကွဲပြီး စိုက်ခင်းလုပ်သား ၁ ဦး ဒဏ်ရာရ
DVB
·
March 19, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင်မြို့၊ ပုသိမ် - ငွေဆောင်ကားလမ်းအနီး သဇင်ကျေးရွာ အုပ်စု ရှောက်ပင်ချောင်းကျေးရွာရှိ စိုက်ခင်းမှာ အလုပ်သမားတစ်ဦး ပုလင်းဗုံးပေါက်ကွဲမှု ကြောင့် ဒဏ်ရာအနည်းငယ်ရပြီး ဆေးရုံကိုပို့ဆောင်ထားရပါတယ်။
ရှောင်ပင်ချောင်းကျေးရွာ ဟွန်ဒါမြန်မာစိုက်ခင်းမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၂၉ နှစ် အရွယ် ကိုမင်းလွင်ထူးဟာ အပေါ့ပါးသွားဖို့ ခြုံတောအတွင်းတိုးချိန်မှာ ပုလင်းဗုံးပေါက်ကွဲဖို့ အတွက်ဆက်သွယ်ထားတဲ့ ကြိုးကို ခလုတ်တိုက်မိပြီး ဗုံးပေါက်ကွဲခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ က တာဝန်ရှိသူတွေကပြောပါတယ်။
စိုက်ခင်းလုပ်သား ကိုမင်းလွင်ထူးဟာ နှာဖူး၊ နှာခေါင်းနဲ့ ဘယ်ဘက်နဲ့ ညာဘက် လက်မောင်းတွေမှာ ပွန်းခြစ်တဲ့ ဒဏ်ရာတွေရပြီး တော့ ခုဆေးရုံတင်ထားရကာ စိုးရိမ်စရာအခြေအနေတော့မရှိပါဘူးလို့ ကျေးရွာရာအိမ်းမှူး ဦးပိန်က ပြောပါတယ်။
အခင်းဖြစ်ရပ်နဲ့ပတ်သက်ပြီးတင်ပြတဲ့ ရဲတပ်ဖွဲ့ရဲ့မှတ်တမ်းမှာတော့ ပေါက်ကွဲ ထိမှန် ဒဏ်ရာ ရစေနိုင်တဲ့ ပုလင်းဗုံးကို Grand Royal အရက်ပုလင်းခွံအတွင်း ပေါက်ကွဲဒဏ်ရာရစေနိုင်တဲ့ ပစ္စည်းတွေထည့်ပြီး ပါဝါဓါတ်ခဲ ၆ လုံး၊ ဝါးခြမ်းပြား ၄ ခြမ်းနဲ့စည်းကာ မြေပြင်အမြင့် ၁၀ လက်မ ခန့်မှာ ဝါယာကြိုးနဲ့ ဆက်သွယ်တပ်ဆင်ထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလို ပုလင်းဗုံးမျိုးကို တောတွင်းက တိရစ္ဆာန်တွေကို ဖမ်းဆီးဖို့အတွက် မုဆိုးတွေက ထောက်ချောက်ဆင်ပြီး ဖမ်းတဲ့အခါ အသုံးပြုလေ့ရှိပြီး ပြုလုပ်ထားတဲ့အပေါ်မူတည်ပြီးတော့ တောကောင်ကြီးတွေအထိ ရနိုင်တယ်လို့ ဒေသခံ ဦးဝင်းခင်းက ပြောပါတယ်။
သတင်း- မင်းထက်မုန်း (ပုသိမ်)