စံပြဈေးအနီး ကားမှတ်တိုင်တွင် အများပြည်သူအတွက် လက်ဆေးစင်များထားရှိ
DVB
·
March 18, 2020
ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အများပြည်သူတွေ လက်ဆေးနိုင်ဖို့ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စံပြစျေး ကားမှတ်တိုင်အနီးမှာ လက်ဆေးစင်နဲ့ လက်သန့်ဆေးရည်တွေ ထားရှိပေးထားတာကို မြင်တွေ့ရပါတယ်။
အဆိုပါ လက်ဆေးနေရာတွေကို မရွေးလူမှုကူညီရေးအသင်းက တစ်နိုင်တစ်ပိုင် လှုပ်ရှားမှု အဖြစ် ထားရှိဆောင်ရွက်ပေးတာလို့ သိရပါတယ်။
Photo - Kyaw Swar Tun / MPA