Home
မြန်မာသတင်း
ပြင်သစ်နိုင်ငံ၌ လူ ၁၀၀၀ ထက် ပိုမိုစုဝေးခြင်းမပြုလုပ်ရန် တားမြစ်ပိတ်ပင်
DVB
·
March 9, 2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ဖို့အတွက် ပြင်သစ်အစိုးရက လူ အယောက် ၁၀၀၀ ထက်ပိုမိုတဲ့ လူစုလူဝေးလုပ်တာတွေကို တားမြစ်ပိတ်ပင်လိုက်တယ်လို့ ပြင်သစ် ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။ ပိတ်ပင်ချက်အသစ်ဟာ အများပြည်သူ သယ်ယူပို့ဆောင်ရေးနဲ့ ဆန္ဒပြပွဲတွေလို ခြွင်းချက်တချို့တော့ရှိတယ်လို့ ပြင်သစ် ကျန်းမာရေးဝန်ကြီး အိုလီဗီယာဗေရန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ပြင်သစ်မှာ မနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အသစ် ၃ ဦး သေဆုံးသွားခဲ့လို့ သေဆုံးသူ အရေအတွက် ၁၉ ဦးအထိ မြင့်တက်လာပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့  အတည်ပြု လူနာ အရေအတွက်ကလည်း ၁၁၂၆ ဦးအထိ ရှိလာခဲ့လို့ ရောဂါကူးစက်မှု တုံ့ပြန်ရေးစီမံကိန်း ဒုတိယဆင့်ကို တပ်လှန့်ထားပါတယ်။ ပြင်သစ်ရဲ့ စနစ်အရ တတိယအဆင့်ဟာ အမြင့်ဆုံး အဆင့်ဖြစ်ပါတယ်။  မတ်လ ၉ ရက် မွန်းတည့်ချိန်ထိ အတည်ပြ ထားတဲ့ စာရင်းအရ ကမ္ဘာတဝန်း နိုင်ငံနဲ့ ဒေသပေါင်း ၁၀၉ ခုမှာ COVID-19 ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူ အယောက် ၁၁၀၀၀၀ ကျော်၊  သေဆုံးသူ ၃၈၃၁ ယောက်နဲ့ ပြန်ကောင်းလာသူ အယောက် ၆၂၀၀၀ ကျော် ရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024